B-Smart Fashion and Design သင်တန်းဖွင့်မည်

သင်တန်းအတွက် အကောင်းဆုံးဖြစ်အောင်ပြင်ဆင်နေပါပြီ။

အားလုံးပဲ မင်္ဂလာပါနော်
အခုတလော B-smart ရဲ့ Page မှာသင်တန်းစုံစမ်းသူလေးတွေ တော်တော်များများရှိနေတယ် အဲ့ဒီအတွက်နည်းနည်းလောက်ပြောပြချင်ပါတယ်နော်🥰
သင်တန်းဖွင့်ဖို့အတွက်ကို ပြင်ဆင်နေပါတယ် သင်တန်းစုံစမ်းသူတွေများနေလို့ သင်တန်းကိုမြန်မြန်ဘဲဖွင့်လိုက်တော့မယ်ဆိုပြီး အမဘက်ကဖွင့်လိုက်လို့ရပေမယ့် အမအဲ့လိုမျိုးမလုပ်ချင်ပါဘူး ကိုယ့်ကိုယုံကြည်လို့သင်တန်းတက်တဲ့သူလေးတွေကို အကောင်းဆုံးပဲလုပ်ပေးချင်တယ်၊ အမဘက်ကအပြည့်အဝပေးချင်တယ်၊ သင်တန်းပြီးတာနဲ့ ဒီပညာရပ်တွေကို လက်တွေ့အသုံးချနိုင်စေချင်တယ်၊ ဒီသင်တန်းတက်လိုက်ရတဲ့အတွက်လည်း တကယ်ကိုအကျိုးရှိစေချင်တယ် ၊ သင်တန်းကြေးကိုလည်း အားလုံးတက်နိုင်အောင် အားလုံးအတွက် အ
ဆင်ပြေအောင်စီစဉ်ပေးထားပါတယ် သင်တန်းဖွင့်တဲ့အခါမှာလည်း သင်တန်းကဘယ်နှရက်ကြာမယ်၊ ဘယ်နေ့တွေမှာသင်ခန်းစာတွေကို တင်ပေးမယ်၊ သင်ခန်းစာတွေကိုကိုယ့်ဘက်ကဘယ်လိုမျိုးလေ့လာရမယ် ဆိုတာကအစ အသေးစိတ်ပြန်ပြောပြပေးသွားပါမယ်နော် ဒီသင်တန်းလေးကို အကောင်းဆုံးဖြစ်အောင် အမဘက်ကအပြည့်အဝလုပ်ပေးချင်တယ် အပြည့်အဝလုပ်မပေးလိုက်နိင်မှာ စိုးရိမ်တယ်ပေါ့နော် ဒါကြောင့်သင်တန်းတက်ချင်သူလေးတွေကို အချိန်ခဏလောက် စောင့်ပေးစေချင်ပါတယ် သင်တန်းအတွက်လည်း Plan ဆွဲနေပါတယ်နော် B-smart ကိုစိတ်ဝင်စားခြင်းအတွက်လည်း အားလုံးကိုကျေးဇူးတင်ပါတယ်။

အသစ်တွေတင်တိုင်း သိရဖို့ B-Smart Fashion and Design Page နဲ့ YouTube ကို Like and Subscribe လုပ်ထားပေးစေလိုပါတယ်။ ကျေးဇူးတင်ပါတယ်။

Facebook page Link 🔗🖇️
https://www.facebook.com/bsmart.mdy/

YouTube channel Link 🔗🖇️
https://youtube.com/c/BSmartFashionDesign

B-Smart Fashion and Design ပညာဒါန Group
********************************************
B-Smart Fashion and Design မှ သင်ကြားပေးထားသော သင်ခန်းစာများကို Group မှာ ‌တစ်စုတစည်းတည်း လေ့လာနိုင်ပါတယ်။
http://www.facebook.com/groups/bsmartfreeclass/

Leave a comment

Design a site like this with WordPress.com
Get started